ဒါလည်း ဟုတ်တုတ်တုတ်
08-Nov-2017ဆရာဝန်က ဆေးထိုးအပြီး သောက်ဆေးပေးစဉ် လူနာအား -
“ခင်ဗျားက ဆေးကြောက်တယ်လို့ ခင်ဗျားအမျိုးသမီးကပြောတယ် .. ကျွန်တော်ပေးတဲ့ ဆေးတွေကို ဆေးပတ်လည်အောင် သောက်နော် ”
“ ဟုတ်ကဲ့ … ကြောက်တာတော့ အမှန်ပဲ ဒါပေမဲ့ ဆရာထင်သလို ကြောက်တာမျိုး မဟုတ်ဘူး ”
“ ဒါဆို ဘယ်လိုမျိုးကြောက်တာလဲ ”
“ ဆေးဖိုးဝါးခ အပတ်မလည်မှာကို ကြောက်တာ ”
“ ဟိုက် ”
Credit : မှူးအိမ်ဇင်